Chit Lu Mike // ချစ်လူမိုက် by Doublej (Burmese)
Chit Lu Mike // ချစ်လူမိုက် by Doublej (Burmese)

Chit Lu Mike // ချစ်လူမိုက်

Doublej-burmese

The music player is only available for users with at least 1,000 points.

Download "Chit Lu Mike // ချစ်လူမိုက်"

Chit Lu Mike // ချစ်လူမိုက် by Doublej (Burmese)

Performed by
Doublej-burmese
Produced by
Writed by

Chit Lu Mike // ချစ်လူမိုက် Lyrics

အချစ်ကြောင့် အားလုံးပြောင်းလဲနိုင်သလို
အချစ်ကြောင့် အားလုံးရူးသွားနိုင်တယ်
မင်း မရက်စက်နဲ့လို့ ပြောဖို့ ခွန်အားမရှိ
No...
မုန်းမုန်းမေ့မေ့ မင်းပဲ နေနိုင်သူ
ခါးခါးသီးသီး ဖြစ်ဖို့တော့ စိတ်မကူးဘူး
တိုးတိုးတိတ်တိတ်နဲ့ မင်းရဲ့အနားက ထွက်သွားပေးမယ်
ဒီလောက်ဆို အဆင်ပြေလား

ကိုယ့်အချစ်က မင်းအတွက် အနှောင့်အယှက်တစ်ခုလို
ထင်မြင်နေတာတွေကို ရပ်နိုင်ပြီလား
လူတွေအလယ်မှာ ငါဟာ ရူးမိုက်နေတဲ့ အတိုင်းပါ
Oh...
ဘာကြောင့် ဒီလောက် မုန်းတီးရတာလဲ
တွေးလေလေ အဖြေဟာမဲ့
ရူးမိုက်လွန်းတဲ့ စရိုက်တွေ နင်မကြိုက်ခဲ့
Oh...

ငါလိုကောင်ကို ပြန်မချစ်နဲ့လို့ အားလုံးဝိုင်းပြောကြတယ်
ဘယ်လိုထင်ထင် ငါဂရုမစိုက်ခဲ့ အားလုံးပဲ မောသွားမယ်
ဒီကမ္ဘာပေါ်မှာ အလိုချင်ဆုံး မိန်းကလေးအကြောင်း ပြောပြမယ်
Oh...
တစ်ချိန်ချိန်မှာ ပြန်ချစ်လိမ့်မယ်လို့ အမြဲတမ်းတွေးခဲ့တယ်
လိုချင်တာ ပိုင်ဆိုင်ရမယ့် အတ္တကြောင့် ဝေးခဲ့တယ်
နာကျင်နေမှာကို သိရက်နဲ့ မင်းလေးပဲ ရွေးခဲ့တယ်
Oh...

အချစ်ကြောင့် အားလုံးပြောင်းလဲနိုင်သလို
အချစ်ကြောင့် အားလုံးရူးသွားနိုင်တယ်
မင်း မရက်စက်နဲ့လို့ ပြောဖို့ ခွန်အားမရှိ
No...
မုန်းမုန်းမေ့မေ့ မင်းပဲ နေနိုင်သူ
ခါးခါးသီးသီး ဖြစ်ဖို့တော့ စိတ်မကူးဘူး
တိုးတိုးတိတ်တိတ်နဲ့ မင်းရဲ့အနားက ထွက်သွားပေးမယ်
ဒီလောက်ဆို အဆင်ပြေလား

ဒီလောက်ဆို အဆင်ပြေလား

Chit Lu Mike // ချစ်လူမိုက် Q&A

Who produced Chit Lu Mike // ချစ်လူမိုက်'s ?

Chit Lu Mike // ချစ်လူမိုက် was produced by .

Your Gateway to High-Quality MP3, FLAC and Lyrics
DownloadMP3FLAC.com